ကော့မှူး မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ယမန်နေ့ည ၈ နာရီတွင် အသိပညာပေးနှိုးဆော်ခြင်းနှင့် မြို့မဈေးကြီး၌ ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး လိုက်လံစစ်ဆေးဆောင်ရွက်သည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် ပြည်တော်သာရပ်ကွက်ရှိ မြို့မစျေးအား စျေးပိတ်ချိန်တွင် မီးကြွင်းမီးကျန်များကျန်ရှိမှုမရှိစေရေး၊ လုံခြုံရေးမီးလိုင်းမှအပ မလိုအပ်သောလျှပ်စစ်မီးလိုင်းများ ပိတ်ထားရေး၊ စျေးလုံခြုံရေးအတွက် မီးကင်းများစနစ်တကျချထားရေးနှင့် အခြားသောမီးဘေးလုံခြုံရေး ကိစ္စရပ်များကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦးနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)


