ရန်ကုန် မတ် ၂၆
ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်အကြောင်း အသိပညာဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေး
ဆွေးနွေးပွဲတွင် အင်းစိန်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသုခလှိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဟိန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီး ဌာနမှူး ဒေါ်အိအိဖြူက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR) အကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မိုဘိုင်းဖုန်းဆိုင်များက သိလိုသည်များကို မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)


