ညောင်ဦး မတ် ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော  ရွှေဆိုင်များအား နိုင်ငံတော်ကသတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည့် ရွှေဆိုင်များအား ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားရယူထားရှိခြင်း ရှိ မရှိ၊ နိုင်ငံတော်က သတ်မှတ်ထားသော စံချိန်စံညွှန်းကိုက်ညီသည့် ဓာတ်သတ္တု(ရွှေ)ကိုသာ ရောင်းချခြင်း၊ ဝယ်ယူခြင်းရှိ မရှိ၊ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်ခြင်း ရှိ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ထမ်းဆောင်ခြင်း ရှိ မရှိ၊ ရွှေရောင်းဝယ်မှုဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ငွေပေးချေမှု၊ ငွေကြေး လွှဲပြောင်းဆောင်ရွက်မှုများ၊ ဗဟိုဘဏ်ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်ရယူထားခြင်း ရှိ မရှိနှင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းက ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသောနေရာတွင်သာ ရွှေရောင်းဝယ်ခြင်း ရှိ မရှိတို့ကို  စစ်ဆေးခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)