ပခုက္ကူ မတ် ၂၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ (တတိယနေ့)ကို ယနေ့မွန်းတည့် ၁၂ နာရီက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၄)ရပ်ကွက် ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန် (နှစ်ထပ်စာဖြေဆောင်)၌ ဆက်လက် ဖြေဆိုကြသည်။
အဆိုပါ စာမေးပွဲတွင် ပခုက္ကူ စာဖြေဌာနမှ ဖြေဆိုမည့်စာရင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၅၂ ပါးရှိပြီး ယနေ့(တတိယနေ့)တွင် ကျမ်းရင်း- သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာ(၁) ကျင်းပရာ ကြွရောက်ဖြေဆိုသူ ၄၁ ပါးရှိကြောင်း၊ အစိုးရဓမ္မာစရိယ စာမေးပွဲ ကျမ်းရင်းဘာသာရပ်များကို မတ် ၂၃ ရက်မှ ၂၈ ရက်အထိ လည်းကောင်း၊ မြန်မာဂုဏ်ထူးကို မတ် ၂၉ ရက်တွင်လည်းကောင်း၊ ပါဠိဂုဏ်ထူးကို မတ် ၃၀ ရက်မှ ၃၁ ရက်အထိလည်းကောင်း၊ ပါဠိပထမပြန် စာမေးပွဲများကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ လည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ (ပခုက္ကူ)


