တိုက်ကြီး မတ် ၂၅

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ တိုင်းရင်းသားဘာသာသင်ကြားရေး အထောက်အကူပြု Teaching Assistant(TA)နှင့် တိုင်းရင်းသားစာပေသင် Language Teacher (LT) ဆရာ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက ရှမ်းကျောင်းကြီးကျောင်းတိုက် နှီးဘုရားကြီးဓမ္မာရုံတွင် ကျင်းပသည်။

 

ပြောကြား

ဦးစွာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက မိမိတို့၏ တိုင်းရင်းသားစာပေနှင့် ဘာသာစကားကို အရေး၊ အဖတ်၊ အပြော ကဏ္ဍစုံတွင် ပိုမိုစနစ်ကျပြီး ပိုင်နိုင်စွာ သင်ကြားပေးနိုင်သည့် အရည်အသွေးမြင့် ဆရာ ဆရာမများ ဖြစ်လာစေရန် ရည်ရွယ်၍ မွမ်းမံသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး တိုက်ကြီးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းကျော်ထူးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းရင်းသားဘာသာသင်ကြားရေး အထောက်အကူပြု Teaching Assistant(TA)နှင့် တိုင်းရင်းသားစာပေသင် Language Teacher (LT) ဆရာ ဆရာမများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီး ရှမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)