ရန်ကုန် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်အကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာန ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးကျော်မျိုးထွေးက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR)၏ အကျိုးကျေးဇူးများ၊ CEIR စနစ်ဖြင့် အခွန်ပေးဆောင်ခြင်းနှင့် အခွန်ပေးသွင်းနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)


