မကွေး    မတ်    ၂၄

သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်သည် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ မတ် ၂၁ရက်က မကွေးမြို့ မြို့နယ်သမဝါယမအသင်းစုဆီစက်နှင့် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင်  ဥစားကြက်မွေးမြူရေးလုပ်ငန်းနှင့် သမဝါယမထုတ်ကုန်အရောင်းဆိုင်တို့ကို   ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် မကွေးမြို့နယ် ရှားပင်လှကျေးရွာရှိ သမဝါယမအသင်းစုချုပ်ပိုင် ရွှေတင့်တူးစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း သမဝါယမအသင်းစုချုပ်နှင့် သမဝါယမအသင်းများမှ ဒေသအတွင်း စားသုံးရန်လိုအပ်မှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ကြက်မွေးမြူရေးခြံသို့ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏  ရှင်းလင်းဆွေးနွေးတင်ပြခဲ့မှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်အဖွဲ့က မကွေးမြို့နယ် သန်းတောကုန်းကျေးရွာရှိ သမဝါယမအသင်းစု ဆီစက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ၍   လိုအပ်သည်များမှာကြားကာ မကွေးမြို့ ပေါ်ရှိ သမဝါယမထုတ်ကုန်အရောင်းဆိုင်အား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မတ် ၂၂ ရက် နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် မြို့သစ်မြို့နယ် ယင်းနားကုန်း စိုက်/ထွေသမဝါယမအသင်းသားတောင်သူများ၏  သက်တံ့ရောင်စီမံကိန်းဖြင့်  နွေစပါးစိုက် ၁၈၉ ဧကတွင်  တစ်ဧကလျှင်  ကျပ် ၃၀၄၅၀၀ နှုန်းတန်ဖိုးရှိသော သွင်းအားစုများ  ပံ့ပိုးပေးထားသည့် နွေစပါး(အောင်နိုင်တိုး)စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး ရွှေဖြိုးသာစိုက်/ထွေသမဝါယမအသင်း၏ တန် ၃၀ ကျ ဆန်စက်လည်ပတ်နေမှုကို  ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)