ပြင်ဦးလွင် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး(မြို့နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ကံ့ကော်ခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းနန္ဒီက ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။
အဆိုပါ သင်တန်းတွင် ကျန်းမာပျော်ရွှင်မှု၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက် မှု(PFA)ကို ပံ့ပိုးလုပ်ဆောင်ခြင်း၊ သက်ဆိုင်ရာသို့ညွှန်းပို့ပေးခြင်းနှင့် ညွှန်းပို့ပေးနိုင်သည့် လမ်းကြောင်းများ ၊ PFA လက်တွေ့လုပ်ဆောင်ခြင်းနှင့် PSS လုပ်ငန်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းစသည့် ဘာသာရပ်များကို မတ် ၂၄ ရက်မှ ၂၆ ရက်အထိ ပို့ချမည်ဖြစ်ရာ သင်တန်းသား ၁၉၆ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


