နေပြည်တော်    မတ်    ၂၄

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့ကော်ဖီကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ၂၀၂၆ ခုနှစ် မတ် ၂၇ ရက် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ခူးလဆန်း ၁၀ ရက်(သောကြာနေ့) နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၇ ရက် (သောကြာနေ့)တွင် ဝယ်ယူသော  စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover)များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။   

သတင်းစဉ်