ကျောင်းကုန်း မတ် ၂၄

 

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို အထက(ခွဲ)အောက်ပိုင်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဦးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းနည်းပြများအား ဝတ်စုံများ ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းများတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ အေရိုးဗစ်နှင့် Fitness Dance သင်တန်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

 

 ဝင်းကြိုင်(ပြန်/ဆက်)