လပွတ္တာ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC)(၁/၂၀၂၆)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လပွတ္တာ(၃)မိုင်မြို့ လူငယ့်အားမာန်သင်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက ယနေ့ကာလသည် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ ဆက်စပ်ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ လူဦးရေတိုးပွားလာမှုနှင့်အတူ ရုပ်ကြွင်းလောင်စာများ ပိုမိုသုံးစွဲလာခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ ညစ်ညမ်းရေများစွန့်ပစ်ခြင်း စသည့် အကြောင်းရင်းများကြောင့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နော်ရူဘီစိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ သင်တန်းသို့ ဌာနဆိုင်ရာများမှ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


