နေပြည်တော် မတ် ၂၄
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင် ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက် လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ် ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီ အကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “နိုင်ငံတော် သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (မတ်လ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂ဝ၂၆ ခုနှစ် မတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ - အင်္ဂလိပ်ဘာသာစကား) တို့၏ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” မျက်နှာ ဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ ညီမော်သိမ်း၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ ဇလွန်ကျော်ဦး၊ ကိုကျော်စွာ (ကျိုက်ပိ) တို့၏ လူငယ်ရေးရာ ဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ အေးထွန်းမင်း၊ ကိုကိုတင် (တရားလွှတ်တော်ရှေ့နေ) တို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ မြသိန်း၊ လဲ့လဲ့ဝင်း (သတ္တဗေဒ) တို့၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ ထက်ဝေအောင် (စစ်ကိုင်း) ၏ စီးပွားရေးဆိုင်ရာ ဆောင်းပါး၊ မောင်ခင်ညို (မန်းတက္ကသိုလ်)၏ မူးယစ် ဆေးဝါးဆိုင်ရာ ဆောင်းပါး၊ ကျော်နန္ဒအောင်၏ မူပိုင်ခွင့်ဆိုင်ရာ ဆောင်းပါး၊ ရဲရင့်နဒီ၏ အမုန်းစကားဆိုင်ရာ ဆောင်းပါး၊ ဒေါက်တာ မြင့်သန်း၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၊ အာကာကိုကို၊ ကြည်လွင်ဦး (ရေနံ) တို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ စိန်ဝင်းမော်၊ ပါမောက္ခဦးသိန်းလှိုင်၊ ဆောင်းဝင်းလတ်၊ စိုးစိုး (ပန်းတောင်း)၊ မြသာဝင်း၊ မော် (သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထား သည်။
သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ကို တစ်အုပ်လျှင် ကျပ်၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော် စာအုပ်ဆိုင် ဖုန်း ၀၉- ၄၄၉၅၄၀၆၆၇၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ် အရောင်းဆိုင်အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (၈၆) လမ်း၊ (၂၁) လမ်းနှင့် (၂၂) လမ်းကြား မန္တလေး ဖုန်း ၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာ ယူလိုပါက စာပေဗိမာန်စာအုပ် အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်


