အောင်လံ မတ် ၂၃

 

အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၆)ကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပြလို့မြို့ အထက(ပြလို့)ခန်းမ၌ ဖွင့်လှစ်သည်။

 

ဦးစွာ အောင်လံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကားပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးက အရန်မီးသတ်တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းတို့ ဆောင်ရွက်သည်။

 

သင်တန်းသို့ အရန်မီးသတ် တပ်ဖွဲ့ဝင် သင်တန်းသား ၃၀ တက်ရောက်ပြီး သင်တန်းကို ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကောင်းစစ်နိုင်