ညောင်တုန်း မတ် ၈

 

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်နယ် မြေမီးသတ်စခန်းက ဆားမလောက်ကျေးရွာ သူဌေးကုန်းရပ်ကွက်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ဆောင်ရွက်သည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆားမလောက်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေယံဘို ဦးဆောင်ကာ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် နေအိမ်ဝန်းကျင်တွင် အမှိုက်များ ကင်းစင်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးဟိန်းထက်