တောင်တွင်းကြီး မတ် ၃

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ဆည်ရေသောက် စနစ်ဖြင့် နွေစပါးနှင့် နွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ရန်ပယ် ရေလှောင်တမံနှင့် ငမင်ရေလှောင် တမံများမှ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနရုံးမှ သိရသည်။

 

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် တောင်တွင်းကြီးမြို့နယ်အတွင်း တောင်သူများ သီးနှံ အချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး အတွက် ရန်ပယ်ရေလှောင်တမံနှင့် ငမင်ရေလှောင်တမံများမှ ဆည်ရေများကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းမှ စတင်ပေးဝေခဲ့သည်။

 

လုံလောက်စွာ ပေးဝေမည်

 

တောင်တွင်းကြီး မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာသီတွင် ရန်ပယ်ရေလှောင်တမံမှ နွေစပါး ဧက ၉၅၀၊ နွေနှမ်း ဧက ၅၀ နှင့် ငမင်ရေလှောင်တမံမှ နွေစပါး ဧက ၅၀၊ နွေနှမ်း ဧက ၅၀ စုစုပေါင်း ဧက ၁၁၀၀ ကို စိုက်ပျိုး ရေလုံလောက်စွာ ပေးဝေသွားမည်ဖြစ်ကြောင်း တောင်တွင်း ကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

နောင်နောင် (ဗိဿနိုးမြေ)