ကလေး မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စွန့်ပစ်ပစ္စည်း စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ဦးစွာ ကလေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်က ဟောပြောပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ပြောကြားပြီး ကလေးမြို့ စည်ပင်သာယာအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်နှင့် ကလေးခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသန္တာအောင်တို့က စွန့်ပစ်ပစ္စည်း စနစ်တကျစီမံခန့်ခွဲခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်ခြင်း ခေါင်းစဉ်များကို ဆွေးနွေးဟောပြော၍ လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


