ကော့မှူး မတ် ၃

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုစကားဝိုင်းကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာ‌ဇာယမင်းဦးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။

 

ဆက်လက်၍ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်း‌ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာမိုးတို့က အမျိုးသမီးများအပေါ် ကာကွယ်စောင့်ရှောက်မှုများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသော အမျိုးသမီးများအပေါ် ကူညီဆောင်ရွက်ပေးနေမှုများ၊ အမျိုးသမီးများအ‌ပေါ် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများအပေါ် ကူညီထောက်ပံ့ပေးနေမှုကို ပြောကြားခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)