နေပြည်တော် အောက်တိုဘာ ၅
သီးနှံတစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အသားတင် အကျိုးအမြတ်စာရင်း ကွင်းဆင်းစစ်တမ်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပျဉ်းမနားခရိုင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲကို အောက်တိုဘာ (၅) ရက်မှ (၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြေမျိုးအလိုက် မြေခွန်နှုန်းထားခွဲခြား သတ်မှတ်ခြင်းကို အသားတင် အကျိုးအမြတ်ရရှိသည့် အခြေအနေပေါ်တွင် အခြေခံ၍ တွက်ချက်ဆောင်ရွက်ရေး၊ တောင်သူများ၏ လူမှုစီးပွားရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သတင်းအချက်အလက်များဖော်ထုတ် ဖြန့်ဝေပေးရေး၊ တစ်ဧကကုန်ကျစရိတ်နှင့် အသားတင်အကျိုးအမြတ်စာရင်းများ စစ်တမ်း ကောက်ယူရာတွင် တပြေးညီဖြစ်စေရေး၊ စိုက်ဧရိယာ၊ အထွက်နှုန်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၊ အထွက်တန်ဖိုးနှင့် အသားတင်အကျိုးအမြတ်များ တွက်ချက်ခြင်းစသည့် ကိစ္စရပ်များကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


