နေပြည်တော် ၁ မတ်
ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရှိစေရေး၊ ကိုယ်ရည်ကိုသွေးမြင့်မားရေးနှင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်းပညာရပ်ကို တန်ဖိုးထား လေးစားတတ်စေရေးတို့အတွက် ရည်ရွယ်၍ Personal and professional Development (PPD) အစီအစဉ် စာပေဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ရွှေရတုခန်းမ၌ ကျင်းပရာ အမျိုးသားစာပေဆုရှင် စာရေးဆရာ ဆရာညီပုလေးက “လူထုထဲကဝတ္ထုတိုများ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


