နေပြည်တော်    ဇွန်    ၇

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov က ယနေ့ နံနက်ပိုင်းတွင်   နေပြည်တော်ရှိ  ပြန်ကြားရေး ဝန်ကြီးဌာန  ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေ၊  Global New Light of Myanmar သတင်းစာနှင့် ရုရှားနိုင်ငံ Sputnik Information Agency တို့  MoU ပူးပေါင်းဆောင်ရွက်နေမှု၊  ရုရှား-မြန်မာ နှစ်နိုင်ငံ ရုပ်မြင်သံကြားကဏ္ဍ MoU လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံမီဒီယာအဖွဲ့များ အပြန်အလှန် ဖိတ်ကြားပြီး သွားလာလည်ပတ်နိုင်မှု၊ နှစ်နိုင်ငံခရီးသွားကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေးနှင့် အခြားကဏ္ဍစုံ  ပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်  ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်      ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအရာရှိတို့ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်