၁။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး၊ ကာယ(၁၂)လမ်း၊ အမှတ်(၄/၃၆၁)တွင် ပါတီရုံးချုပ်တည်ရှိသော စေ့စပ်ညှိနှိုင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးပါတီ သည် ၎င်းတို့၏ ပါတီအမည်အား လူထုပါတီ (The Party for People) ဟု အမည်ပြောင်းလဲခွင့်ပြုပါရန် ၁၅-၂-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြလျှောက်ထားလာပါသည်။
၂။ ယင်းသို့ တင်ပြလျှောက်ထားလာသည့် လူထုပါတီ( The Party for People) ဟူသည့် အမည်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုက ယခု ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄(ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


