ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမြင့်မားနိုင်ဖွယ်ရှိ

စက်တင်ဘာ ၂၉

ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာအပတ်စဉ်ဆန်းစစ်လေ့လာချက်အရ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားနိုင်ဖွယ်ရှိကြောင်း ပြောကြားသည်။

နိုင်ငံတစ်ဝန်းရှိဆေးဘက်ဆိုင်ရာအဖွဲ့အစည်း ၅၀၀၀ ခန့်က စက်တင်ဘာ ၂၄ ရက်အထိ သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၅၄၃၄၆ ဦးရှိကြောင်း ဖော်ပြထားသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

အဆိုပါရောဂါကူးစက်ဖြစ်ပွားမှုအရေအတွက်သည် ယခင်သီတင်းပတ်က ကူးစက်ဖြစ်ပွားသူအရေအတွက်မှ ၃၂၁၆၄ ဦးအောက်လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ကုသမှုခံယူသူ ၇၆၈၅ ဦး ရှိရာ ယခင်သီတင်းပတ်က ဆေးရုံတက်ကုသမှုခံယူသူဦးရေမှ ၂၂၈၈ ဦးလျော့ကျခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမြင့်မားနိုင်ဖွယ်ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ကာကွယ်ရေးဆိုင်ရာအစီအမံများကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန် နိုင်ငံသားများအား တိုက်တွန်းပြောကြား ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို