မိုးနဲ  ၁၇  ဖေဖော်ဝါရီ

 

မိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၁၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ကတ်နောက်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

0853

 

ဟောပြောပွဲတွင် မိုးနဲမြို့နယ် ကြက်ခြေနီအသင်းတပ်ခွဲမှူး ဦးနိုင်မင်းထွန်းက  ကြက်ခြေနီအကြောင်း သိကောင်းစရာများကို မိတ်ဆက်ပြောကြားပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြေမြုပ်မိုင်း၊ တိုက်မိုင်းနှင့် လူကိုအသက်အန္တရာယ် ဖြစ်စေသည့် စစ်ကျန်လက်နက် အန္တရာယ်များကိုလည်းကောင်း၊ မိုင်းနင်းမိပြီး ကိုယ်အင်္ဂါထိခိုက်သွားသည့် လူနာများကို ကြက်ခြေနီအသင်းမှ ခြေတုများ တပ်ဆင်ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရလာပါက လုပ်ဆောင်ပေးရမည့် ကဏ္ဍများကို လည်းကောင်း၊ မိုင်းအန္တရာယ်ဖြစ်စေနိုင်သည့် မြေမြုပ်မိုင်း၊ တိုက်မိုင်းများ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အကြောင်းကြားပြီး အန္တရာယ်မဖြစ်ပေါ်စေရန် ပြုလုပ်ရမည့် အချက်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)