ယူကျုမှာ သီတင်းပတ်ငါးပတ်ဆက်တိုက် ထိပ်ဆုံးမှ နေရာယူနေတဲ့ BLACKPINK

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ဟာ တေးအယ်လ်ဘမ်သစ်နဲ့အတူ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။ အဖွဲ့ရဲ့ တေးအယ်လ် ဘမ်သစ်မှာပါဝင်တဲ့  တေးသီချင်းတစ်ပုဒ်ဟာ   ယူကျုရဲ့ ကမ္ဘာလုံးဆိုင်ရာ တေးဂီတဇယားမှာ ယခုသီတင်းပတ်မှာလည်း နံပါတ်တစ်နေရာ ရရှိနေပြီး ဒါဟာ သီတင်းပတ်ငါးပတ်ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်တယ်လို့ အောကေပေါ့ပ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

အဖွဲ့ရဲ့ တေးသီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ Shut Down ကို စက်တင်ဘာ ၂၅ ရက်က ယူကျုမှာ စတင်လွှင့်တင်ခဲ့ပြီး အဆိုပါ တေးသီချင်းဟာ လက်ရှိမှာ ယူကျုရဲ့ ထိပ်တန်းတေးသီချင်း ၁၀၀ စာရင်းမှာ နံပါတ် တစ်နေရာ ရယူထားပါတယ်။

 

အေးပြည့်