ရခိုင်ပြည်နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဖွင့်ပွဲကျင်းပ

စစ်တွေ ဩဂုတ်  ၁၉

 

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဖွင့်ပွဲကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မွေးစမှ အသက်(၆)လအထိ ကလေးများ အတွက် စံပြနို့တိုက်မိခင်ဆု၊ အသက်(၆)လမှ (၁)နှစ်အရွယ်ကလေးများအတွက် အာဟာရသားကောင်း မိခင်စံပြဆု၊ အသက်(၆)လမှ (၁)နှစ်အရွယ် ကလေးများအတွက် ကျန်းမာပြည့်ဝအာဟာရ ကလေးစံပြဆု၊ အသက်(၁)နှစ်မှ (၁)နှစ်ခွဲအရွယ် အာဟာရ သားကောင်းမိခင်စံပြဆု၊ အသက်(၁)နှစ်မှ (၁)နှစ်ခွဲအရွယ် ကလေးများအတွက် ကျန်းမာပြည့်ဝ အာဟာရကလေးစံပြဆု၊ အသက်(၁)နှစ်ခွဲမှ (၂)နှစ်အထိ ကလေးငယ်များအတွက် ဘဝရှေ့ဆောင် ရက်(၁၀၀၀) စံပြဆုနှင့် အသက်(၁)နှစ်ခွဲမှ (၂)နှစ်အထိ ကလေးများအတွက် ကျန်းမာဉာဏ်ရွှင် သားကောင်းမိခင် ဆုများကို ပေးအပ်ချီးမြှင့်ကြပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အသိပညာပေး ဗီဒီယိုအားပြသသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေ ဆေးလုံး တိုက်ကျွေးကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရ ဆေးပြားများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြကာ အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှုများ ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)