နတ်တလင်းမြို့နယ်၌ စျေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချ

နတ်တလင်း သြဂုတ်  ၁၉

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နတ်တလင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပြီး သာဇီရပ်ကွက်တွင် ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက ရောင်းချပေးလျက်ရှိသည်။

 

ထိုသို့ရောင်းချပေးရာတွင် နတ်တလင်းမြို့ အောင်ချမ်းသာဆီဆိုင်မှ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် စားသုံးဆီ ၅၀ ကျပ်သား ၁ ဘူးဆီ ရောင်းချပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

 

ဝေယံဖြိုး