သိန္နီမြို့တွင် သောက်သုံးရေ ထုတ်လုပ်ရောင်းချလျက်ရှိသော ရေသန့်စက်ရုံများအား သတ်မှတ်စံချိန်၊ စံနှုန်းများနှင့် ကိုက်ညီမှုရှိ မရှိ ရှောင်တခင်စစ်ဆေး

သိန္နီ     ဩဂုတ်              ၁၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် သောက်သုံးရေ ထုတ်လုပ်ရောင်းချလျက်ရှိသော ရေသန့်စက်ရုံများအား သန့်ရှင်းသပ်ရပ်မှု ရှိ မရှိနှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိ မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ဩဂုတ် ၁၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော အဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သိန္နီမြို့ရှိ ရေသန့်ထုတ်လုပ်ရောင်းချလျက်ရှိသော ရှမ်းမလေး သောက်ရေသန့် စက်ရုံနှင့် ရွှေခုတ်နမ့် သောက်ရေသန့်စက်ရုံတို့တွင် ရေသန့်စက်ထားရှိသော အခန်းများ၊ ရေသန့်ဘူးများ ဆေးကြောသည့်နေရာနှင့် ရေစစ်သည့်နေရာများ၊ ရေထုတ်ယူသုံးစွဲသည့် ရေအရင်း အမြစ်နေရာများ၊ ရေသန့်ထည့်၍ထုပ်ပိုးပြီးသော ရေသန့်ဘူးများထားရှိသည့် နေရာများ သန့်ရှင်းသပ်ရပ်မှုရှိ မရှိ၊ ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်များမှာ သတ်မှတ်ထားသော အရည်အသွေးပြည့့််မီခြင်း ရှိ မရှိနှင့် သောက်သုံးရေသန့် ထုတ်လုပ်ရောင်းချခွင့် လိုင်စင်လက်မှတ် ရှိ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

စောဉမ္မာ(သိန္နီ)