ဟိုပုံးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်း သန့်ရှင်းရေးပြုလုပ်

ဟိုပုံး   ဩဂုတ် ၁၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၈ နာရီက စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ မြိူ့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ဌာနဆိုင်ရာများက ‌ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းသာယာလှပရေးအတွက် ချုံ့နွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)