ကျောက်တံတားမြို့နယ်အတွင်း မြို့တော်သန့်ရှင်းသာယာလှပစေရေး သန့်ရှင်းရေးဆောင်ရွက်

ကျောက်တံတား ဩဂုတ် ၁၃

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၌ မိုးရာသီကာလတွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကင်းဝေးစေရေးနှင့် မြို့တော် သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းတစ်‌‌လျှောက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဆူး‌လေဘုရား လမ်းမကြီးတစ်‌လျှောက်ရှိ အမြင်မတင့်တယ်သော သစ်ကိုင်းများ ခုတ်ထွင်းရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ပြန်လည် တူးဖော်ခြင်းနှင့် ကားဂိတ်များတွင် Mask နှာခေါင်းစည်းများဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စုစုပေါင်း အင်အား(၇၉)ဦးခန့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)