ကျေးသီးမြို့နယ်၌ စီမံကိန်းရန်ပုံငွေ ကျပ်သိန်းပေါင်း (၁၁၀၀) လွဲပြောင်းပေးအပ်

ကျေးသီး သြဂုတ်  ၁၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash for Work စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း စီမံကိန်းဝင်ကျေးရွာများအား စီမံကိန်းရန်ပုံငွေ ကျပ်သိန်းပေါင်း (၁၁၀၀)သိန်း လွှဲပြောင်းပေးအပ်ပွဲကို သြဂုတ် ၁၂ ရက်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

 

အခမ်းအနားတွင် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးထက်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက  Cash for Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မတ်အိုးကျေးရွာအား စီမံကိန်းပံ့ပိုး ရန်ပုံငွေကျပ်သိန်း (၁၀၀)ကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် ခေးပေါင်း ကျေးရွာ၊ စန်စေကျေးရွာ၊ နမ့်ဟိုကျေးရွာ၊ နားယုတ်ကျေးရွာ၊ ဝိန်းကောင်ကျေးရွာ၊ ဟွေမောင် ကျေးရွာ၊ ပန်ပိုကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဝမ်လုံကျေးရွာ နှင့် ဝမ်ကြူကျေးရွာ စုစုပေါင်း ကျေးရွာ (၁၀)ရွာအား တစ်ရွာလျှင် စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သိန်း (၁၀၀) စီကိုလည်းကောင်း တာဝန်ရှိ သူများမှ  အသီးသီး လွှဲပြောင်းပေးအပ်ခဲ့သည်။

ချိုသန်းညွန့် (ကျေးလက်)