ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဩဂုတ် ၁၂

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

 

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား နားလည်မှု စာချွန်လွှာ (MoU)အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နားလည်မှုစာချွန်လွှာအရ ဘူးသီးတောင်၊ မောင်တောဒေသ အတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ခရီးသွားလာခွင့် နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ နေရပ်စွန့်ခွာသွားသူများ၏ အချက်အ လက်များပေးပို့လာမှုအပေါ် မိမိဝန်ကြီးဌာနမှ စိစစ်တွေ့ရှိမှုများနှင့် အကြောင်းပြန်ကြားပြီးစီးမှု၊ မိမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ပြန်လည်လက်ခံရေးစခန်းများ ဖွင့်လှစ်ထား ရှိမှုနှင့် ပြန်လည်နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ ယင်းလုပ်ငန်းစဉ်များအပေါ် UNHCR အနေဖြင့် အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်မှုများအပေါ် နိုင်ငံတကာအဖွဲ့အစည်းများမှ သိရှိနားလည်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)