ရန်ကုန် ဩဂုတ် ၁၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၁ ရက်တွင် အလုံမြို့နယ် 66 kV ဟုန်ဟိုင်း (GIS) ဓာတ်အားခွဲရုံသို့ လည်းကောင်း၊ ဗဟန်းမြို့နယ် 66 kV သူရဲကောင်း (GIS) ဓာတ်အားခွဲရုံသို့ လည်းကောင်း၊ လမ်းမတော်မြို့နယ် 66 kV ဆေးရုံကြီးများ (GIS) ဓာတ်အားခွဲရုံသို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးစဉ် လက်ရှိဓာတ်အားဖြန့်ဖြူးပေးထားသည့် အခြေအနေများ၊ ဓာတ်အားခွဲရုံများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး ဆောင်ရွက်ထားမှု၊ ဓာတ်အားခွဲရုံ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်