ပခုက္ကူ     ဧပြီ      ၂၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူပညာရေး ဒီဂရီကောလိပ်ကျောင်းဝင်းအတွင်းရှိ သုံးထပ်စာသင်ဆောင်(RC) အဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၅၆၁ ဒသမ ၄၅ သန်းဖြင့် ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းဝင်းအတွင်း အလျား ၁၉၂ ပေ၊ အနံ ၃၈ ပေ၊ အမြင့် ၃၆ ပေရှိသည့် သုံးထပ်စာသင်ဆောင် တစ်ဆောင်(RC) အဆောက်အအုံကို Kinetic Arts ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး အဆောက်အအုံ တစ်ထပ်လျှင် စာသင်ခန်း လေးခန်းပါရှိပြီး သုံးထပ်ပေါင်း စာသင်ခန်း ၁၂ ခန်း ပါရှိကြောင်း၊ စာသင်ခန်း တစ်ခန်းလျှင် အလျား ပေ ၄၀၊ အနံ ပေ ၃၀ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၀ အထိ သင်ကြားနိုင်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)