တရားမဝင် သစ်မျိုးစုံ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍  ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ တောင်ငူ၊ ပြည် နှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်းရှိ တရားမဝင် ကျွန်းသစ် (၄၇ဒသမ ၅၈၂၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၈၈,၄၀၀) နှင့် သစ်မာ (၂ ဒသမ ၃၁၆၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၇,၆၄၀)၊ စုစုပေါင်း တရားမဝင်သစ်မျိုးစုံ (၄၉ဒသမ၈၉၈၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၄၃၆,၀၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။  

 

သတင်းစဉ်