တိုက်ကြီး၊ နိုဝင်ဘာ ၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ နိုဝင်ဘာ (၈)ရက်နေ့၊ နံနက်ပိုင်းက လိမ္မော်ခြံကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာ၊ ရွာဦးရေဆူဘုန်း တော်ကြီး ကျောင်းတွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည်လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဇော်နောင်၊ ရန်ကုန်တိုင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦး စီးမှူး ဦးဝင်းမော်နှင့် ရန်ကုန်တိုင်းသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့် တို့က သင်တန်းတွင် နည်းပညာပံ့ပိုးမှု၊ သင်တန်းပြီးဆုံးချိန်တွင် အလုပ်အကိုင်ရှာဖွေပေးမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီး မှူးဒေါ်စုသီတာလင်းက လူသုံးကုန်ထုတ်လုပ်မှုန ည်းပညာသင်တန်းအတွက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးကို သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်မြို့နယ်ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ သင်တန်းသို့ ကျေးရွာနေ ပြည်သူ (၁၅)ဦးတို့ တက်ရောက်ခဲ့ကြသလို သင်တန်းကာလမှာ (၅)ရက်တာကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


