လှိုင်းဘွဲ   နိုဝင်ဘာ   ၂

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးသည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ‌ အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁ ရက် နံနက် ၁၀  နာရီက လှိုင်းဘွဲ့မြို့နယ် ရွာကိုင်းကောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများသည် ကျေးလက်ဒေသများတွင် ကျွမ်းကျင်လုပ်သား ရှားပါးမှုကို အထောက်အကူပြု ဖြည့်ဆည်းနိုင်စေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် လိုအပ်သော သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

 

ထိုနောက် သင်တန်းတွင် သင်ကြားပေးမည့် သင်တန်းနည်းပြဆရာများက အခြေခံမော်တော်ဆိုင်ကယ်ပြင်ဆင် နည်းလမ်းများကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် စနစ်တကျ သင်ကြားပို့ချပေးကြပါသည်။

 

အဆိုပါ သင်တန်းကို လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ‌ ကော့ဖားထော်၊ ကော့စီးစိုနှင့် ရွာကိုင်းကောင်းကျေးရွာ သုံးရွာမှ သင်တန်းသား(၃၀) တို့တက်ရောက်ခဲ့ကြပြီး သင်တန်းကို တစ်လကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။       

 

 

စိုးမိုးကျော်