ဆိပ်ဖြူ စက်တင်ဘာ ၄

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ သပြေကျေးရွာအနီး ဆိပ်ဖြူ - ဆော ကားလမ်းပေါ်ရှိ တံတား တစ်စင်းသည် စက်တင်ဘာ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းကပ်ခုံနှင့် ဘဲတောင်ပံ ရေတိုက်စားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါရေတိုက်စားခံခဲ့ရသည့် ဆိပ်ဖြူ-ဆောသွားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၁၉/-)ကြားရှိ တံတားအမှတ် (/၂၀) ၁၅ ပေ အရှည် ကျောက်စီကမ်းကပ်ခုံ ၁၇ ပေနှင့် ဘဲတောင် ၁၅ ပေ ရေတိုက်စားခဲ့ သဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်လျက်ရှိသည်။

 

ကိုမျိုး(ယောဧရာ)