အာဖရိက၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆ ဒသမ ၆၃ သန်းကျော်ရှိလာ

အဒစ်အာဘာဘာ ဩဂုတ် ၁

အာဖရိက၌ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆၆၃၅၅၂၂ ဦး ရှိလာကြောင်း အာဖရိက ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ယနေ့ပြောသည်။

အလားတူကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၁၆၈၄၇၈ ဦးရှိပြီး ရောဂါမှ ပြန်လည် သက်သာလာသူပေါင်း ၅၈၁၃၅၄၀ ရှိကြောင်း သိရသည်။

အာဖရိကတိုက်ရှိ နိုင်ငံများအနက် တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊ အီဂျစ်နှင့် အီသီယိုးပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဒဏ်ကို ဆိုးရွားစွာခံစားနေရကြောင်း အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာက ဆိုသည်။

အာဖရိကတောင်ပိုင်းသည် ရောဂါကူးစက်မှု အများဆုံးဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် ရောဂါကူးစက်မှု ဒုတိယအများဆုံးဖြစ်သည်။ အာဖရိကအလယ်ပိုင်းသည် ရောဂါကူးစက် မှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်