မလေးရှားနိုင်ငံ၌ ၁၇၇၈၆ ဦးကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရ

ကွာလာလမ်ပူ ဩဂုတ် ၁

မလေးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၇၈၆ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါ ရောဂါကူးစက်ခံရသူပေါင်း ၁၁၁၃၂၇၂ ဦးရှိလာကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

အလားတူလွန်ခဲ့သော ၂၄ နာရီအတွင်း ၁၆၅ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၉၀၂၄ ဦးရှိပြီဖြစ်သည်။

သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၁၇၁၈ ဦး ရောဂါမှ ပြန်လည်သက်သာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူပေါင်း ၉၁၄၆၃၉ ဦးရှိပြီဖြစ်သည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အောင်ကျော်ကျော်