ဒေးဒရဲ ဇွန် ၂၆
ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကျေးရွာအုပ်စု၊ ကင်းချောင်းကျေးရွာနေ အသက် (၅၆) နှစ်ရှိ အမျိုးသမီး တစ်ဦးသည် ဇွန် ၂၅ ရက် ညနေပိုင်းက ကျိုက်လတ်ပြည်သူ့ဆေးရုံကြီးသို့ နေမကောင်းသဖြင့် သွားရောက်ပြသရာမှ RDT Test Kit ဖြင့် စစ်ဆေးမှုပြုစဉ် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ကင်းချောင်းကျေးရွာတွင် ကုန်စုံဆိုင် ရောင်းချနေသူဖြစ်သဖြင့် ကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပိုးတွေ့လူနာနှင့် ထိစပ်ခဲ့သူများအား Quarantine ထားရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပိုးတွေ့လူနာအား ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံတွင် ထားရှိကုသပေးလျက်ရှိကြောင်းသိရသည်။
မြင့်မြင့်ခိုင်


