30.72 TB ပါဝင်ပြီး ၂ ဒသမ ၅ လက်မအရွယ်သာရှိ သော သိုလှောင်သိမ်းဆည်းမှုပမာဏ အများဆုံးပါဝင်သည့် SSD ကို Samsung မှယခင်တစ်ပတ်က မိတ်ဆက်ပေးခဲ့သည်။
PM1643 ဟု အမည်ရ သော အဆိုပါ SSD ကို အရွယ်အစားကြီးမားပြီး သိုလှောင်သိမ်းဆည်းမှုပမာဏများသည့် SSD များအသုံးပြုနေရသည့် မိုဘိုင်းအီလက်ထရွန်နစ်ပစ္စည်းများတွင် အစားထိုးအသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားသည်ဟုသိရသည်။
သာမန် SATA SSD များထက် လေးဆခန့်ပိုမိုမြန်ဆန်လာနိုင်ပြီး မကြာသေး မီနှစ်များက ှနေါအေန လုပ်ငန်းမှလည်း 60 TB ပါဝင်သော SSD ကို ပြသမိတ်ဆက်ပေးခဲ့သော်လည်း လက်ရှိအချိန်အထိ ဈေးကွက်အတွင်းထုတ်လုပ် ရောင်းချနိုင်ခြင်းမရှိသေးဟု သိရသည်။ PM1643 ကို မကြာမီဈေးကွက်အတွင်း ဖြန့်ချိရန်ထုတ်လုပ်လျက်ရှိနေပြီး ၄င်းအပြင် အခြားသိုလှောင်သိမ်းဆည်းမှုပမာဏအမျိုးမျိုးပါဝင်သော လုပ်ငန်းသုံး SSD များကို Samsung မှ ထုတ်လုပ် ရောင်းချသွားနိုင်ဖွယ်ရှိသည်ဟု သိရသည်။
ယခုကဲ့သို့ PM1643 SSD ကို မိတ်ဆက်ပေးနိုင်ခဲ့ခြင်းမှာ လုပ်ငန်းသုံး SSDများ ထုတ်လုပ်မှုနယ်ပယ်တွင် နောက်ထပ် တစ်ကြိမ်အောင်မြင်မှုထပ်မံရရှိလာခြင်းဖြစ်ပြီး ထပ်မံ၍ပိုမိုများပြားသည့်ပမာဏပါဝင်သော SSD များကိုထုတ်လုပ်သွားရန် ကြိုးစားသွားမည်ဟု Samsung PM1643 SSDမိတ်ဆက်ပွဲ အခမ်းအနားတွင် Jaesoo Han က ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် မတ်လက 15.36TB ပမာဏပါဝင်သော SSD ကို Samsung မှ မိတ်ဆက်ပေးခဲ့ပြီး ယခုထပ်မံ မိတ်ဆက်လိုက်သော PM1643 သည် အဆိုပါ SSD ၏ မျိုးဆက်သစ်မော်ဒယ်ဖြစ်ပြီး ၄င်းထက်နှစ်ဆ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။ PM1643 သည် HD ရုပ်ရှင်ဇာတ်ကားပေါင်း ၅၇၀ဝ ကျော်ပမာဏကို သိုလှောင် သိမ်းဆည်းထားနိုင်စွမ်းရှိပြီး ရောင်းချမည့်နေ့ရက်နှင့် ဈေးနှုန်းများကို အသေးစိတ်ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ ၂၀၁၆ ခုနှစ်က ထုတ်လုပ်ခဲ့သော 15.36TB SSD ကို အမေရိကန်ဒေါ်လာ တစ်သောင်းဝန်းကျင်ဖြင့် ရောင်းချခဲ့သည်။
ALEX