ပန်နန်းဒင်၊ ၂၅  ဇန်နဝါရီ

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးမြို့ဖြစ်သည့် ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန်အတွက် ပန်နန်းဒင် - တဟွန်ဒမ်း လမ်းပိုင်း ၆၃ မိုင် မြေသားလမ်းကို ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပန်နန်းဒင်-တဟွန်ဒမ်း လမ်းပိုင်း ၆၃ မိုင်အနက် ပန်နန်းဒင်မြို့မှ ၁၅ မိုင်အထိကို  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အမာခံလမ်းခင်းခြင်း လုပ်ငန်းများ‌ဆောင်ရွက်မည်ဖြစ်ပြီး လမ်းပိုင်းများပြီးစီးပါက ကျေးရွာ ၁၆ ရွာရှိ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေလာမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စ‌သည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပန်နန်းဒင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

နောယော်ဘော်(ပြန်/ဆက်)