သုံးခွ၊ ၂၁ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ၊ ဘဏ္ဍာရေးနှစ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာ ၁၃ ရွာရှိ Cash For Work စီမံကိန်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက စံချိန်စံညွှန်း မှန်ကန်တိကျမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Cash for work လုပ်ငန်းများဖြစ်သည့် လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ရေကန်ခြံစည်းရိုး ကာရံခြင်းစသည့်၊ လုပ်ငန်းများ၏ စာရင်းဇယားများ၊ ရန်ပုံငွေ သုံးစွဲမှု၊ စာရင်းရှိအတိုင်းအတာနှင့် မြေပြင်အနေအထား အတိုင်းအတာ ကိုက်ညီမှုရှိမရှိ၊ အရည်အသွေး စံချိန်စံညွှန်း မှန်ကန်တိကျမှုရှိမရှိကို မြို့နယ်စာရင်းစစ်ရုံးမှ ဦးစီးအရာရှိ ဒေါ်စုစုလှိုင်နှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တ ဦးစီးမှူး ဒေါ်နီနီအောင်နှင့် ဝန်ထမ်းများ၊ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်းများ၏ အရည်အသွေး၊ အတိုင်းအတာများအား လက်တွေ့တိုင်းတာ စစ်ဆေးပေးကာ စာရင်းစစ်အဖွဲ့က သိရှိလိုသည်များအား မေးမြန်းမှုကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရသည်။
စည်သူလင်း ပြန်/ဆက်


