ရန်ကုန်၊ ၁၈ ဒီဇင်ဘာ
(၈)ကြိမ်မြောက် မယ်စကြာဝဠာ မြန်မာပြိုင်ပွဲ၏ ဖိုင်နယ်ပွဲကို ဒီဇင်ဘာ ၃၀ တွင် ကျင်းပမည်ဖြစ်ပြီး Channel ME ရုပ်သံလိုင်း၊ Channel ME နှင့် Miss Universe Myanmar ဖေ့ဘုခ်ပေ့ချ် ၊ Mytel ၏ Official Exclusive Digital Partner အဖြစ် မိုဘိုင်းလ်ဖုန်းမှ MyID မှ အခမဲ့ Free Data ဖြင့် ပြသသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
နိုဗိုတယ် ရန်ကုန် မက်(စ်) ဟိုတယ်၌ ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီတွင် (၈)ကြိမ်မြောက် မယ်စကြာဝဠာ မြန်မာပြိုင်ပွဲ၏ ဖိုင်နယ်ပွဲကို ကျင်းပမည်ဖြစ်ပြီး ဆုတိုင်တယ်အလိုက် Voting ပေးခြင်းကို ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီအထိ ခွင့်ပြုထားပြီး ဆုများကို Grand Final ပြိုင်ပွဲညတွင် Miss Universe Myanmar Organization က ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲ၏ The Best National Costume Award အတွက် voting top 15 တွင် ပင်းဒယ၊ ထားဝယ်၊ ဗန်းမော်၊ ရေး၊ မြစ်ကြီးနား၊ သံဖြူဇရပ်၊ ဟားခါး၊ တောင်ငူ၊ ညောင်ရွှေ၊ ပုသိမ်၊ တောင်ကြီး၊ မန္တလေး၊ မြဝတီ၊ မိုးကုတ်၊ မင်းဘူးမြို့များမှ အလှမယ်များပါဝင်ကြောင်း သိရသည်။
သန့်ဇင်ဝင်း


