မန္တလေး ၁၁ နိုဝင်ဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၇၄၊ ၂၀၁၃ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ၃၀၊ နည်းဥပဒေ၃(က)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင်၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နံနက်၁၀နာရီတွင် စတင်ကျင်းပရန် ခေါ်ယူထားသည်။

 

လွှတ်တော်ကိုယ်စားလှယ်များသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးသို့နိုဝင်ဘာ ၃၀ ရက် ရုံးချိန်အတွင်း ကိုယ်တိုင်မပျက် မကွက်သတင်းပို့ရန် ဖိတ်ခေါ်ထားသည်။

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွတ်တော်သည်၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ဆောင်ရွက်ချက်များအား စုစည်းမှတ်တမ်းတင်ခြင်းနှင့်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာများ ဆွေးနွေးဆုံးဖြတ်ကာ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ လွှဲပြောင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)