ဗီယက်နမ်ကုန်စည်ပြပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန်  ၁၂   ဒီဇင်ဘာ

 

ဗီယက်နမ်ကုန်စည်ပြပွဲ (မြန်မာ) ၂၀၁၈ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ပြပွဲတွင် ဗီယက်နမ်နိုင်ငံ ထုတ်ကုန်ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသထားမည့်အပြင် ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအတွက် ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လည်း ရရှိနိုင်သည့်ပြပွဲဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်