လှိုင်းဘွဲမြို့ လောကအောင်မြင် စေတီတော် ဌာပနာသွင်းခြင်း အလှူတော်မင်္ဂလာ ပူဇော်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင် တောင်သုံးလုံးဦးသာသနာ့ရိပ်သာ ဆရာတော်နှင့် ဘားအံမြို့ ပဋိပတ္တိသာသနာ့ အေးရိပ်သာတောင်ကလေးဆရာတော် အရှင်ပညာသာမိတို့အား အမှူးထား၍ ဦးစောစံအေး ဇနီးဒေါ်နန်းသင်းအုံနှင့် အများဒါယကာ စုပေါင်းပြီး တည်ထားကိုးကွယ်သည့် လောကအောင်မြင် စေတီတော် ဌာပနာသွင်းခြင်း အလှူတော်မင်္ဂလာပူဇော်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ တောင်သုံးလုံးဦး သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီး ဥူးသီဟဗလထံမှ တက်ရောက်လာကြသူများက (၉) ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ  နာယူကြသည်။ 

 

ထို့နောက် အလှူရှင်များ၊ ဘုရားဒါယကာများက ဌာပနာတော်ပစ္စည်းများအား ဆက်ကပ်ပြီး ဌာပနာတော်သွတ်သွင်းခြင်း၊ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေပေးခဲ့ကြောင်း သိရှိရသည်။

 

 

ခင်စန်းမြင့်(ပြန်/ဆက်)