အီးယူကနေ ဗြိတိန်ခွဲထွက်မှာ သဘောတူညီချက်မရှိဘဲ စစ်သား ၃၅၀ဝ ကို အသင့်နေရာထားပြီး ထွက်ဖို့ပြင်ဆင်

အီးယူကနေ ဗြိတိန်ခွဲထွက်ရေးအတွက် လျော်ကြေးငွေ စတာလင်ပေါင် ၂ ဘီလီယံ (ယူရိုငွေ ၂.၅ ဘီလီယံ) မပေးဘဲ ဗြိတိသျှစစ်သား ၃၅၀ဝ ကို အသင့်အနေထား ချမယ်လို့ ဗြိတိန်အစိုးရက အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။ 

 

ဝန်ကြီးချုပ် ထရီဇာမေရဲ့ ခွဲထွက်ရေးအတွက် ပေးလျော်ရမယ့် အချက်အလက်မူကြမ်းအပေါ် ဆန့်ကျင်မှုတွေ ရှိပြီးနောက်ပိုင်းမှာ ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အီးယူကနေ ဗြိတိန်ခွဲထွက်ရေးဟာ သီတင်းပတ် ၁၄ ပတ်အတွင်းမှာ ပြီးဆုံးရတော့မှာဖြစ်ပါတယ်။ 

 

ယခုတွေ့ဆုံခဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ အစည်းဝေးဟာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပိတ်ရက် မတိုင်ခင် ကျင်းပတဲ့ အစည်းအဝးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးက စစ်သား ၃၅၀ဝ ကို ခွဲထွက်ရေးကနေ ထွက်ပေါ်လာမယ့် အရေးပေါ်အခြေအနေကို ကူညီနိုင်ရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

ဘဏ္ဍာရေးဝန်ကြီးကတော့ ဝန်ကြီးချုပ်ရဲ့ခွဲထွက်ရေး သဘောတူစာချုပ်မူကြမ်းဟာ ဆန္ဒခံယူပွဲလမ်းကြောင်းကိုသာ ဦးတည်နေတယ်။ ဒါမှ အလုပ်အကိုင်၊ စီးပွားရေးနဲ့ ရှေ့ဆက်သွားရမယ့် လမ်းစဉ်အတွက် ကာကွယ်ရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လို့ (no Brexit deal) နဲ့ ခွဲထွက်ခဲ့ရင် လိုအပ်ရင်သုံးဖို့ ငွေကြေးကိုလည်း ပြင်ဆင်ထားမယ်လို့ ပြောပါတယ်။ 

 

ပြည်ထဲရေးဝန်ကြီးက (no Brexit deal) ကနေ ရလာမယ့် သူ့ဌာနအတွက် ခွဲတမ်းကနေ နယ်စပ်လုံခြုံရေးအတွက် ရာနဲ့ချီတဲ့ ရုံးတွေ ထပ်ဖွင့်ရာမှာ သုံးမယ်လို့ ဆိုပါတယ်။ 

 

ဝန်ကြီးချုပ်မေရဲ့ အစိုးရအဖွဲ့အတွင်းမှာ (no Brexit deal) ကနေ ထွက်လာမယ့် ရလဒ်ကနေ ဗြိတိန်ကို အင်းအားဖြည့်ချင်တဲ့ အမတ်တွေနဲ့ လွှတ်တော်ကနေ နောက်ဆုံးဆုံးဖြတ်တဲ့ အဖြေကို စောင့်ချင်တဲ့ အမတ်တွေဆိုပြီး အကွဲကွဲဖြစ်နေတာကို တွေ့ရပါတယ်။ 

 

အီးယူကနေ ဗြိတိန်ခွဲထွက်ပြီး နောက်ပိုင်းမှာ ဥရောပ နိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဗီဇာ အမျိုးအစား ခွဲခြားမှု ပုံစံအသစ်တွေ လုပ်ဆောင်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။ 

 

ဒါပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဗြိတိန်ဟာ (no Brexit deal) နဲ့ ထွက်ဖို့အတွက် စီးပွားရေးပိုင်းမှာ အဆင်သင့်မဖြစ်သေးကြောင်း သတိပေးနေပါတယ်။ 

 

MDN 
ကိုးကား- AFP