အီတလီ ဂျီနိုအာတွင် လူများစွာ သေဆုံး၊ ဒဏ်ရာရခဲ့သည့် ပြိုကျ တံတားနေရာတွင် တံတားသစ် တည်ဆောက်မည်

အီတလီနိုင်ငံ ဂျီနိုအာ မြို့တော်ဝန်က ပြီးခဲ့သည့်  သြဂုတ်လက တံတားတစ်စီး ပြိုကျခဲ့သည့်အတွက် လူများစွာ သေဆုံး ၊ ဒဏ်ရာရရှိခဲ့ရာ ယင်းတံတားနေရာတွင်  တံတားအသစ်တည်ဆောက်မည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

 

အဆိုပါ မြို့တော်ဝန် မာကို ဘတ်စီ က တံတားသစ်တည်ဆောက်ချိန် ၁၂လ ကြာမြင့်ပြီ ဖြစ်ပြီး ကုန်ကျစရိတ်မှာ ယူရို ၂၀၂ သန်း သို့မဟုတ် ဒေါ်လာ ၂၂၉ သန်း ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

 

ဂျီနိုအာနွယ်ဖွား ဗိသုကာပညာရှင် ရမ်ဇို ပီအာနို က ၎င်းတည်ဆောက်ရေးတွင် နည်းပညာဆိုင်ရာ ကြီးကြပ်သူ အဖြစ်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

 

ထိုတံတားအသစ်ကို ယင်းမြို့တော်သင်္ကေတ ဖြစ်သော သင်္ဘောပုံစံ တည်ဆောက်မည် ဖြစ်ကြောင်း ၊ ယင်းမိုရန်ဒီတံတား ၏ အစိတ်အပိုင်းသည် ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့တွင် ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

 

၎င်းတံတားသည် ပြင်သစ်နိုင်ငံတောင်ပိုင်းနှင့် အီတလီနိုင်ငံ မြောက်ပိုင်းတို့အကြား အဓိက ဆက်သွယ်ပေးသော ပေါင်းကူးတံတားဖြစ်ကြောင်းနှင့် ဒေသခံ ပြည်သူများက တံတားသစ်လျင်မြန်စွာပြီးစီးလိမ့်မည် ဟုမျှော်လင့်ကြောင်း ပြောဆိုခဲ့သော်လည်း ယင်းတံတား အပျက်အစီးများ ရှိနေခြင်းသည် တံတားသစ်ပြန်လည်တည်ဆောက်ရေးတွင် အချိန်ကြန့်ကြာစေနိုင်ဟု သိရသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို