၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့် (HTT) သင်တန်း မောင်တောမြို့တွင်ဖွင့်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့် (HTT) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မောင်တောမြို့နယ် ပညာရေးမှူး ဦးစောဟင်နရီက အဖွင့်အမှာစကား ပြောကြားပြီး မောင်တောခရိုင် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်ဝေသိန်းမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး သင်တန်းသို့ (၁၀၂) ဦး တက်ရောက်ကြကာ သင်တန်းကလ (၅) ရက်တာ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အောင်ကျော်စိန်(ပြန်/ဆက်)